ရွာငံ အောက်တိုဘာ ၁၅
လက်ရှိဖြစ်ပွါးနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် အနေဖြင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ပြည်သူများ သိရှိနိုင်စေ ရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်ဘုတ် များ နှင့် နံရံကပ်ပြဘုတ်များတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံများကို ပြသထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းများ၊ ကဗျာ၊ ကာတွန်းများ၊ ကျန်းမာရေးအသိပညာပေး နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ အခြားသူများထံမှ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ရမည့်နည်းလမ်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် များ သိရှိနားလည်မှုသဘောစသည်များ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်များအပြင်၊ လုံခြုံစိတ်ချစွာဆန္ဒမဲပေးပါ စသည့် နံရံကပ်ပိုစတာများတို့ကိုလည်း ပြသဆောင်ရွက် ပေးထားကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)