စဉ့်ကိုင် အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ရွှေဝါလှိုင် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း မှ အသင်းသား/အသင်းသူ(၅၁)ဦး အား ကိုဗစ်−၁၉ ကူးစက်ရောဂါ ကာလအတွင်း ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁နာရီက ရန်အောင်မြင်ရက်ကွက်ရှိ အဆိုပါ အသင်းရုံးတွင် ထောက်ပံ့ငွေများပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ရွေဝါလှိုင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းဥက္ကဋ္ဌ ဦးကြည်ပြုံးမှ ကိုဗစ်−၁၉ ကူးစက်ရောဂါ ကာလအတွင်း အသင်းသား/အသင်းသူ များအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျန်းမာရေး နှင့်အာကစားဝန်ကြီးဌာန ကထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဆွေနှင့် ဝန်ထမ်းများ ရွှေဝါလှိုင် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း ဥက္ကဋ္ဌဦးကြည်ပြုံးနှင့် အမှုဆောင်အဖွဲ့ဝင်များ အသင်းသား/အသင်းသူများ တက်ရောက်ခဲ့ကြပြီး ရွှေဝါလှိုင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် အသင်းသား(၅၁)ဦးတို့အား စုစုပေါင်းထောက်ပံ့ငွေကျပ်(၅၁၀၀၀၀/-)ကို ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဝင်းဝင်းသန်း