ငပုတော၌ ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်

ငပုတော  အောက်တိုဘာ ၁၅

ရှေးဦးပြုစုခြင်းပညာရပ်များကို နားလည်တတ်ကျွမ်းစေပြီး ထူးချွန်ကြက်ခြေနီများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီ အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းအား အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ မြို့နယ် ကြက်ခြေနီ အသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရှေးဉီးပြုစုခြင်း အခြေခံသဘောတရား၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ လူနာဆန်းစစ်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းခြင်း၊ ကိုင်တွင်ခြင်းနှင့် သယ်ဆောင်ခြင်း အစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကာ ကြက်ခြေနီအခြေခံ ရှေးဦးပြုစုခြင်းကို စိတ်ပါဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ ၁၂ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)