တာလေ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ် တားဆီး နိုင်ရန်အတွက် အများပြည်သူများအနေဖြင့် တိကျ မှန်ကန်သော သတင်းအချက်အလက်များနှင့် ဆောင်ရန်/ ရှောင်ရန်များကို အလွယ်တကူ လေ့လာနိုင်စေရန် ရည်ရွယ်၍ (ဦးစီးဌာန) ရုံးရှေ့ရှိ မြေစိုက်နံရံကပ် စာစောင်ပြဘုတ်တွင် အသိပညာ ပေးစာစောင်များ ပြသထားရှိသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် ဆောင်ရန်/ ရှောင်ရန် အသိပညာပေးစာစောင်များဖြစ်သည့် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် သတင်းအမှားများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ တွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ သင်သည် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းသူ တစ်ဦး ဖြစ်သလား၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်၊ ကလေးသူငယ် များနှင့် ထင်မြင်ယူဆချက်၊ ကလေးသူငယ်များနှင့် လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက် ပြုလုပ်ပါ စသည့်သဘောတူညီချက်ပါ အသိပညာပေးဆိုင်ရာ အကြောင်းအရာများ ဖော်ပြပါရှိကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)