လင်းခေး အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ် တွင် ရွေးကောက်ပွဲဆိုင်ရာ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်း က ပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ပြသရာတွင် ရွေးကောက်ပွဲဆိုင်ရာနှင့် ပတ်သက်သည့် မဲဆန္ဒရှင်စာရင်းမှ မိမိအမည်ကို အွန်လိုင်းမှ စစ်ဆေးနိုင်ခြင်း မဲစာရင်းစစ်ဆေးပါ၊ ဘေးကင်းလုံခြုံစွာနေထိုင်ပါ၊ အကြံပြုချက်များကို လိုက်နာပါ၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် သင်၏မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲပေးသည့်အခါ လိုက်နာရမည့် စည်းကမ်းများနှင့် ကိုဗစ် -၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်ရှောင်ရန်များ၊ စသည့်အသိပညာပေး အကြောင်းအရာ မျိုးစုံကို အများပြည်သူ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြသထားခြင်းဖြစ်ကြောင်း သိရသည်။
လင်းခေး (ခရိုင်၊ ပြန်/ဆက်)