ငရုတ်ကောင်း အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် အသွားအလာကန့်သတ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဆောင်ရွက်လျက်ရှိရာတွင် အသွားအလာကန့်သတ်ထားသည့် ဒေသများမှ ဝင်ရောက်လာသူ များအား Quarantine (၁၄)ရက်ထားရှိခြင်းနှင့် သတ်မှတ်ရက်ပြည့် မြောက်ပါက Home Stay (၇)ရက် နေထိုင်စေခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ငရုတ်ကောင်းမြို့ (အထက)၌ ယခုအချိန်တွင် Quarantine ဝင်ရောက်နေသူ ကျား (၃) ဦးသာရှိပြီး ယနေ့အချိန်ထိ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)