ပင်းတယ အောက်တိုဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန်နှင့် ရောဂါကူးစက်မှုများ မဖြစ်ပွားစေရန်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်းတယမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များတို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရေသန့် စက်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ခံ ဦးနေမျိုးဇော်၊ မြို့နယ်ဆရာဝန်မကြီး ဒေါ်မို့မို့ကြည်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ရေသန့်စက်ရုံများတွင် ရေသန့်ဘူးများ စနစ်တကျ ထားရှိမှု အခြေအနေများ၊ ရေသန့်ဘူးများကို ထုတ်ပိုးပြီး သက်ဆိုင်ရာ များသို့ ပို့ဆောင်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် နှာခေါင်းစည်းများနှင့် လက်အိတ်များကို မဖြစ်မနေ တပ်ဆင်ရန်စသည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် ရေသန့်စက်ရုံမှ တာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း လည်း သိရသည်။
ခင်မျိုးနွယ် (ပင်းတယ)