ချောင်းသာ အောက်တိုဘာ ၁၃
ချောင်းသာ နယ်မြေရဲစခန်းအတွင်းရှိ အထူးရဲသင်တန်း သား(၃၃)ဦးနှင့် သင်တန်းနည်းပြ(၈)ဦးတို့ကို ယနေ့ နံနက် ၈ နာရီက ချောင်းသာနယ်မြေ ရဲစခန်းအတွင်းရှိ သီးသန့်ခန်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများ ပြုလုပ်ရာတွင် အထူးရဲသင်တန်းသားများနှင့် နည်းပြများကို ချောင်းသာတိုက်နယ် ဆေးရုံမှ ဓါတ်ခွဲဝန်ထမ်း(၁)ဦး၊ ချောင်းသာတိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်း(၁)ဦးတို့ဖြင့် သီးသန့်ခန်းအတွင်း၌ COVID-19 (RDT)Test Kit ဖြင့်စစ်ဆေးခဲ့ကြရာ အားလုံးမှာ COVID-19 All Negative ဖြစ်ကြကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)