မိုင်းတုံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့ဝင်မြို့ထွက် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ယမန်နေ့ည(၈)နာရီ က ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ဘက်မှ ဝင်လာသည့် ကုန်တင်ယာဉ်ကြီး (၃)စီး၊ ကုန်တင်ယာဉ်ငယ် (၁)စီးနှင့် နားကောင်းမူး ကျေးရွာမှ တာချီလိတ်သို့သွားမည့် ကုန်တင်ယာဉ်ကြီး (၂)စီးတို့မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၂) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ အဆိုပါ ယာဉ်မောင်း၊ ယာဉ်နောက် အားလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ)သဖြင့် ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင် ကြောင်း ဆေးလက်မှတ်ထုတ်ပေးခဲ့ပြီး အဆိုပါ ဆေးလက်မှတ်သည် (၁၄) ရက်တာ ခရီးသွားလာခွင့် ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းတုံမြို့ရှိ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Test Kit ဖြင့် စစ်ဆေးခြင်းကို နေ့စဉ်တစ်နေ့လျှင် (၃)ကြိမ် နံနက်(၉)နာရီတစ်ကြိမ်၊ မွန်းလွဲ(၂)နာရီ တစ်ကြိမ်နှင့် ည(၈)နာရီ တစ်ကြိမ် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)