ဟားခါး အောက်တိုဘာ ၁၅
ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ (၅)ဦးအထိ ရှိလာပြီး ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၂၅)သိန်းပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေကျပ်(၂၅)သိန်းကို ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ဦးထောင်ကီးယန်း မိသားစု(Marcypar Co.ltd)မှ ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)