မဲရုံမှူး/ဒုမဲရုံမှူးသင်တန်းပို့ချနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မင်းတပ်မြို့၌ ကျင်းပ

မင်းတပ်  အောက်တိုဘာ  ၁၅

မင်းတပ်ခရိုင်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများအား သင်တန်းပို့ချနိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းတပ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေက လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ဆွေးနွေးရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ မဲရုံမှူးများနှင့် ဒုမဲရုံမှူးများအား သင်တန်းပို့ချနိုင်ရေး၊ ကြိုတင်မဲပေးနိုင်ရေးကိစ္စနှင့် မဲရုံသုံးပစ္စည်းများအား စနစ်တကျထုတ်ပေးနိုင်ရေးအတွက် တက်ရောက်လာသည့် အဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြသည်။

မင်းတပ်မြို့၌ မဲရုံမှူး/ဒုမဲရုံမှူးသင်တန်းကို အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ သင်တန်းပို့ချ ပေးမည်ဖြစ်ပြီး မဲရုံမှူး/ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ရန် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြန်လည် ဝင်ရောက်လာသည့် ပညာရေး ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေး စစ်ဆေးပေးမည် ဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)