ကွတ်ခိုင် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံ ပြည်သူများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် စာစောင်များကိုကွတ်ခိုင်မြို့၊ အလက(၃)ကျောင်းရှေ့(လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေး)ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြသထားသည်။
အဆိုပါအသိပညာပေးရုပ်ပုံများနှင့် စာစောင်များတွင် ကိုဗစ်၁၉ရောဂါအချက်အလက်နှင့် ထင်မြင် ယူဆချက်များ၊ ကိုဗစ်၁၉ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေးရုပ်ပုံများ၊ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးနည်းလမ်းများ၊ မီဒီယာနှင့်သတင်းအချက်အလက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ အပါအဝင် သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များလည်း ထည့်သွင်း ပြသထားသည်။
လက်ရှိ ကိုဗစ်-၁၉ရောဂါကာလအတွင်း၌ ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ရုပ်သံများ၊ ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်များကို ပြည်သူသိရှိစေရန် Online မှတစ်ဆင့် တင်ဆက်မှုများ ပြုလုပ်ပြီး အခြားသောအသိပညာပေး ရုပ်သံများကိုလည်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)