မေတ္တာမြို့၌ ကိုဗစ်-၁၉ကာလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ငွေဗိုက်ထောက်ပံ့ ကြေး ငွေလွှဲပေး

မေတ္တာ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ရပ်ကွက်/ကျေးရွာများရှိ ကိုယ်ဝန် ဆောင် အမျိုးသမီးများအား ငွေဗိုက်ထောက်ပံ့ကြေးငွေလွှဲပေးခဲ့ကြောင်းသိရသည်။
အဆိုပါငွေဗိုက်စီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက Wave Money နှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်း မေတ္တာမြို့၊ ရပ်ကွက်/ကျေးရွာများမှ ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ငွေဗိုက်ထောက်ပံ့ကြေး ငွေတစ်ဦး လျှင်(၃၀၀၀၀)ကျပ်ဖြင့် မိုဘိုင်းစနစ်နဲ့ နီးစပ်ရာ Wave Money ကိုယ်စားလှယ်ဆိုင်များတွင်သွားရောက် ထုတ်ယူခဲ့ ကြကြောင်း သိရှိရသည်။
ရန်နောင်စိုး (မေတ္တာပြန်/ဆက်)