ညောင်ရွှေ မတ် ၁၉
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အသိပညာပေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်