ရွာသစ်မြို့၌ အသွားအလာ ကန့်သတ်ကာလ (၁၄) ရက် ပြည့်သူတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် နေအိမ် ပြန်ခွင့်ပြု

ရွာသစ် အောက်တိုဘာ ၁၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ မင်္ဂလာရွှေကျောင်းတော် ကျောင်းဝင်း အတွင်း၌ Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုကာလ (၁၄) ရက် ပြည့်သူတစ်ဦးကို Swab နမူနာ ဆေးစစ်ချက်များအရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် ယမန်နေ့ ညနေ (၄) နာရီ အချိန်က နေအိမ်သို့ ပြန်ခွင့်ပြုကြောင်း သိရသည်။
ရွာသစ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရုံးအုပ်ကြီး ဦးရီးရယ်၊ ကျန်းမာရေး ဆရာမ ဒေါ်နန်းအေးအေးအောင် နှင့် ဌာနဆိုင်ရာများ ပါဝင်၍ အိမ်ပြန်ခွင့်ရသူ တစ်ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ နေထိုင် သွားလာရေး အတွက် မှာကြားခဲ့ပြီး ၎င်း၏ နေအိမ်တွင် Home Quarantine  (၇) ရက် ဆက်လက် နေထိုင်ရမည် ဖြစ်ကြောင်း သိရှိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)