ပဲတီစိမ်းသီးနှံလက်ချားနှင့် ယူရီးယားစံပြကွက်သို့ ကွင်းဆင်းကြည့်ရှု

မောက်မယ် ဇန်နဝါရီ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ လင်းခေးခရိုင်ဦးစီးမှူး ဦးစမြင့်သိန်းနှင့် ဦးမျိုးမင်းသန်းတို့ အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီက ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များမှာကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်က တောင်သူတို့စိုက်ပျိုးသော သီးနှံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆီဆုံရပ်ကွက်၊ မောက်မယ်−နမ့်လွတ် ကားလမ်းဘေးရှိ ပဲတီစိမ်းသီးနှံ လက်ချားနှင့်ယူရီးယား စံပြကွက်သို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)