ထန်တလန်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းပို့ချ

ထန်တလန်  အောက်တိုဘာ  ၁၆

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ဝန်ထမ်းများအား ဝန်ထမ်း စွမ်းဆောင်ရည်မြင့်မားပြီး  စိုက်ပျိုးရေးနည်းပညာလုပ်ငန်းများကို တောင်သူများထံသို့ လက်တွေ့ကွင်းဆင်း ဆောင်ရွက်နိုင်ရေး ပိုမိုထိရောက်မှုရှိစေရန်နှင့် တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်း အောင်မြင်မှု ရရှိစေရန်အတွက် စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမတွင် ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလာလ်အောင်က စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ သင်တန်းပို့ချပေးခဲ့ပြီး တက်​ရောက်လာသည့် မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါသင်တန်းကို သင်တန်းသား/သူ (၇) ဦး တက်ရောက်ကြောင်း သင်တန်း ကာလမှာ အောက်တိုဘာလ (၁၆) ရက် တစ်ရက်သာ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)