ကွတ်ခိုင် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရောက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲများထံသို့ ဖြန့်ဝေပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးအနေဖြင့် မဲရုံများတွင် အသုံးပြုမည့်မဲပုံးများ၊ ဆန္ဒပြုခန်းများ၊ ပလတ်စတစ် ခြင်းများ၊ လုံခြုံရေးကြိုးများ၊ ဆန္ဒမဲလက်မှတ်များ သိမ်းဆည်းရန် အိတ်များ၊ မဲရုံတွင် အသုံပြုရန် စာရေး ကိရိယာပစ္စည်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံသို့ သတ်မှတ်ချိန်အတွင်း ရောက်ရှိပေးပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန် က ပြောသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ်အတွင်း နောက်ဆုံး ကပ်ထား ကြေညာ သည့် မဲဆန္ဒရှင်ပေါင်း(၁၂၉၇၀၇)ရှိပြီး မဲရုံပေါင်း ၁၃၄ ရုံလျာထားပါကြောင်း၊ ကွတ်ခိုင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ကချင် အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီနှင့် ပြည်သူ့ကောင်းကျိုးဆောင်ပါတီ စုစုပေါင်းပါတီ(၈)ပါတီမှ ကိုယ်စားလောင်း (၂၂)ဦး က သက်ဆိုင်ရာပါတီအတွက် ကိုယ်စားပြုယှဉ်ပြိုင်သွားမည် ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ ဝန်ကြီး ကိုယ်စားလှယ်လောင်း(၄၃) ဦးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
ကိုမိုင်း(ပြန်/ဆက်)