ခိုင်ကမ်း အောက်တိုဘာ ၁၆
ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ချင်းပြည်နယ်အတွင်းဝင်ရောက်မည့် ကုန်စည်ကား မောင်းနှင်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့် Swab ယူကာကိုဗစ်-၁၉ ရောဂါပိုးရှိ /မရှိစစ်ဆေးလျက်ရှိသည့် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေး ကော်မတီ ကျန်းမာရေး စစ်ဆေးရေးအဖွဲ့သို့PPE ဝတ်စုံ(၃၃)စုံကို အလှူရှင်များမှ ယနေ့နံနက်(၁၀)အချိန်တွင် လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ အလှူရှင်များစာရင်းမှာ မိဘကျေးဇူး ကားဂိတ်ပိုင်ရှင် ဦးမြင့်လွင် မိသားစုမှ PPE ဝတ်စုံ(၁၀)ခု၊ ဦးကမ်းပီး(UKP)ကားအုံနာ (ကွမ်းသီးရောင်းဝယ်ရေး)မှ PPE ဝတ်စုံ(၁၀)ခု၊ ကိုသန်းစိုးမောင်(AK ကွမ်းသီးရောင်းဝယ်ရေး)မှ PPE ဝတ်စုံ(၅)ခု ၊ ရိရွှေပြည်ကားဂိတ် ကားအုံနာဒေါ်ပြည်အေးမှ PPE ဝတ်စုံ (၃)ခု၊ ကိုမင်းမင်းACE (တံတားဦး)မှ PPE ဝတ်စုံ(၃)ခု၊ အမည်မဖော်လိုသူကားဆရာ(၂)ဦးမှ PPE ဝတ်စုံ(၂)ခုတို့ဖြစ်ပြီးစုစုပေါင်းPPEဝတ်စုံ(၃၃)စုံနှင့် တော်ဝင်အောက်ချင်းကားဂိတ်မှ နံနက်စာထမင်းဘူး၊ အချိုရည်နှင့် Mask (၁၅)ဘူးတို့ကိုလာရောက်လှူဒါန်းခဲ့ရာခိုင်ကမ်းမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ခိုင်းကမ်းမြို့ ကျန်းမာရေးဝန်ထမ်းများမှ လက်ခံရရှိခဲ့ ကြောင်းသိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)