စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

တွန်းဇံ  အောက်တိုဘာ ၁၆

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် (၇) နာရီအချိန်တွင် စားသောက်ဆိုင်များ သတ်မှတ် စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/ မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးနိန်ခင်းပေါင်၊ အမှုဆောင်အရာရှိ ဒေါ်အမာရီ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တည်ခိုခန်း၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များကို သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/ မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ တွန်းဇံမြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လူစုလူဝေးဖြစ်ပေါ်မှု မရှိစေရေးအတွက် ပါဆယ်စနစ် ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာ ထားပြီးဖြစ်သည့် အတွက် ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)