ကျီခါးမြို့၌ ခြင်မှတဆင့်ကူးစက်တတ်သောရောဂါ ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

ကျီခါး  မတ် ၁၉

ချင်းပြည်နယ်၊ ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသအတွင်း ခြင်မှတဆင့် ကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး ယမန်နေ့က ကျီခါးမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ခြင်မှတဆင့်ကူးစက်ပြန့်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရေးတွက် ကျီခါးမြို့ပေါ် ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများရှိ ရေတွင်း၊ ရေကန်များ၊ ရေလှောင်ကန်များနှင့် ခြင်ပေါက်ဖွားတတ်သောနေရာများတွင် အဘိတ်ဆေး(abate) ခတ်ထားခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆလိုင်းလိန်းမာန် (ပြန်/ဆက်)