ကန်ပက်လက် အောက်တိုဘာ ၁၆
ချင်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း (၃)ရပ်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်လျက်ရှိကြောင်း ကန်ပက်လက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဆောင်ရွက်မည့် လုပ်ငန်းများမှာ ပြည်နယ်ရုံး၊ ဟားခါးမြို့တွင် ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ၊ RC (၁) ထပ်( ၁၂၀ '၂၄ '၂၀') (ရေ+ မီး +မိလ္လာ)၊ တီးတိန်မြို့တွင် ဝန်ထမ်းအိမ်ရာ (၅၄' ၃၄' ၂၀')RC (၂)ထပ် (ရေ +မီး +မိလ္လာ)နှင့် ကန်ပက်လက်မြို့တွင် ဝန်ထမ်းအိမ်ရာ (၅၄' ၃၄ '၂၀')RC (၂)ထပ် (ရေ +မီး +မိလ္လာ)တို့ဖြစ်ကြောင်း၊ တင်ဒါပုံစံနှင်းစည်းကမ်းချက်များကို ချင်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ရုံးတွင် (၁၆-၁၀-၂၀၂၀) ရက်မှ(၁၆-၁၁-၂၀၂၀) ရက်နေ့အထိ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပြီး ယင်းအိတ်ဖွင့်တင်ဒါအဆိုပြုလွှာများကို (၁၆-၁၁-၂၀၂၀) ရက် နောက်ဆုံးထား တင်သွင်းရန်နှင့် သတ်မှတ်ကာလကျော်လွန်သည့် တင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သိရသည်။
အဆိုပါအိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ချင်းပြည်နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဟားခါးမြို့ ဖုန်း ၀၇၀ -၂၁၀၄၄ နှင့် ၀၇၀ -၂၂၅၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
လှသန်းရီ (ပြန် /ဆက်)