တီးတိန် အောက်တိုဘာ ၁၆
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာအမှတ်- ၃၀၇၂၃ သည် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါပိုးတွေ့အတည်ပြုလူနာသည် အိန္ဒိယနိုင်ငံမှ ပြန်လာ၍ ကျီးခါးမြို့တွင် Facility Quarantine ဝင်ရောက်ခဲ့ပြီး ယခုအချိန်တွင် တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ အသွား/အလာ ကန့်သတ် ဆေးကုသမှုခံယူခဲ့သည်။
အဆိုပါပိုးတွေ့လူနာသည် ကျီးခါးမြို့တွင်နေထိုင်သူ အသက် (၂၄) အရွယ် အမျိုးသားဖြစ်ကြောင်း၊ တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)