လဲချား စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း (ဟိုဖိုင်) ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင်အခြေခံပညာ မူလတန်းကျောင်း (ဟိုဖိုင်) မှ ကျောင်းအုပ်ဆရာကြီး ဦးစိုင်းအောင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဦးစီးမှူး) ဒေါ်ဟေမွန်ဦးမှ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေးတိုးတက် မြှင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ လူငယ်နှင့်မူးယစ်ဆေး အန္တရာယ်အကြောင်း၊ (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ပိုပိုအောင်မှ ကျောင်းသား/ကျောင်းသူများ ကျောင်းပညာရေးတွင် သာမက ဘက်စုံထူးချွန်သော ကျောင်းသား/ ကျောင်းသူများ ဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊စာစောင်များကို ဖတ်ရှုလေ့လာသင့်သည်ဟု အသိပညာပေးဟောပြောကြားခဲ့သည်။
ယင်းနောက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)