အိမ်မဲမြို့၌မော်တော်ယာဉ်နှင့်ထော်လာဂျီယာဉ်များစနစ်တကျပြေးဆွဲရေး ကွင်းဆင်းစစ်ဆေး

အိမ်မဲ  ဇန်နဝါရီ  ၆

ဧရာ၀တီတိုင်းဒေသကြီး၊     မြောင်းမြခရိုင် ၊   အိမ်မဲမြို့နယ်  မော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ မော်တော်ယာဉ်နှင့်ထော်လာဂျီယာဉ်များ စနစ်တကျပြေးဆွဲရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၆ နာရီက ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါယာဉ်များ  စစ်ဆေးရာတွင် မော်တော်ယာဉ် နှင့် ထော်လာဂျီယာဉ်များ ယာဉ်စည်းကမ်းနှင့်အညီ သတ်မှတ်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ ယာဉ်နှင့်အတူ ပါရှိရေးအတွက် ကြီးကြပ်စစ်ဆေးခြင်း၊ မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ နှင့်အညီ လေးစား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်(ပြန်/ဆက်)