ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံလွှာများပြသ

ပန်နန်းဒင် အောက်တိုဘာ ၁၆

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေး ရုပ်ပုံလွှာများကို ပြည်သူများကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပန်နန်းဒင်မြို့ရုံးရှိ ရုံးတွင်းနံရံကပ် ပြဘုတ်တွင် ယနေ့နံနက်(၉)အချိန်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်များနှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်း ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများ ပါဝင်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံ(၁၆)ပုံကို ပြည်သူများအလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ရုံးတွင်းနံရံကပ် ပြဘုတ်တွင် ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။

နောယော်ဘော်(ပြန်/ဆက်)