တပ်ကုန်း ဇန်နဝါရီ ၆
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ် မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် စာဆိုတော်နေ့နှင့်ပတ်သက်သည့်စိတ်ကြိုက်ခေါင်းစဉ်ဖြင့် နံနက်ပိုင်းတွင် (၁၇)ဦး၊ နေ့လယ်ပိုင်းတွင်(၈)ဦး၊ စုစုပေါင်းစာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ပါဝင် ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ဇန်နဝါရီ ၁၀ ရက်နေ့ ည ၇ နာရီ၊ စာပေဟောပြောပွဲတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)