မင်းတပ် အောက်တိုဘာ ၁၆
မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် Quarantine Center များ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယနေ့ညနေ ၃ နာရီအချိန်တွင် သတ်မှတ်ကာလ နေထိုင်ပြီးစီးသူ(၁၅)ဦးအား Facility Quarantine နေထိုင်ပြီးစီးကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
မင်းတပ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း Quarantine Center မှ (၉ )ဦးနှင့် အ.ထ.က(၃) Quarantine Center မှ (၆ )ဦးတို့အား Facility Quarantine နေထိုင်ပြီးစီးကြောင်းလက်မှတ်များ ပေးအပ်ပြီး Home Quarantine နေထိုင်သွားကြရန် မှာကြားခဲ့သည်။
မင်းတပ်မြို့ရှိ Quarantine Center (၃)ခု၌ Facility Quarantine ဝင်ရောက်နေထိုင်သူ (၃၈)ဦး ကျန်ရှိမည်ဖြစ်ပြီး မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)