ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြုလုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ်  ဇန်နဝါရီ    ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပညာရေးကို ထိရောက်သော သင်ကြားမှုနှင့်သင်ယူမှုရှိစေရန်  ရည်ရွယ်၍ ကျောင်းအခြေပြုလုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းနည်းပြဆရာမ ဒေါ်နန်းကြည်ကြည်သန့်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းရွာသစ်မြို့ အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၆၃) ဦးတို့က တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေးကို အဓိကထား၍ ဆွေးနွေးခြင်း ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

ဇင်လေး (ပြန်/ဆက်)