မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်

မန်ကန် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ယနေ့ နံနက် (၉) နာရီအချိန်က မန်ကန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးခဲ့သည်။

ထိုသို့ရိုက်ကူးရာတွင် မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးကပ် (ရုပ်သံကျွမ်းကျင်း-၃)က ကလေးအလုပ်သမားဖြစ်ရခြင်း၏ အကြောင်းအရင်းများ၊  ကလေး အလုပ်သမားအဖြစ်များသည့် နိုင်ငံများ၊ IlO အဖွဲ့၏ထုတ်ပြန်ချက်များ၊  ကလေးငယ်များ၏ ပညာရေး အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဒေါ်ခိုင်ငြိမ်းသင်း (အငယ်တန်းစာရေး)က ကလေး အလုပ်သမားများ၏ လုပ်ခနှင့်လုပ်ငန်းခွင်အတွင်း ဖိအားပေးစေခိုင်မှုများအကြောင်း၊ ကပ်ရောဂါနှင့် ကလေးအလုပ်သမားဦးရေအကြောင်း၊ ဆင်းရဲမှု၏ ပြဿနာများအကြောင်း၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို မန်ကန်မြို့ရုံး ပြည်သူ့စာကြည့်တိုက် page နှင့် ရွှေသံလွင် Page တို့တွင်  လွှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

အေးကပ် (ပြန်/ဆက်)