ရွာသစ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ရွာသစ် အောက်တိုဘာ ၁၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဖြည့်စွက်ရန်ပုံငွေ(၈၄.၆၆၃)သန်းဖြင့် ဆောင်ရွက်သော ရွာသစ် ဓာတ်တော်စေတီ တောင်ပေါ်အတက်လမ်း ပေ(၁၉၈၀)ပေ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို (၂၀.၅.၂၀၂၀) ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားငွေသဇင် ကုမ္ပဏီမှ တာ၀န်ယူ ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း တာ၀န်ရှိသူထံမှ သိရသည်။ ယခင်က ဓာတ်တော်စေတီ တောင်ပေါ်ဘုရားကို လမ်းလျှောက်တက်ရတာ နာရီ၀က်လောက် ကြာပါတယ်၊ တောင်ပေါ်ရောက်သွားရင်တော့ ဘုရားလည်းဖူးရင်း၊ ရွာသစ်မြို့၏ ရှုခင်း ကိုကြည့်ရင်းနဲ့ အမောပြေတာပေါ့ဗျာ၊ ယခု ဒီဓာတ်တော်စေတီ တောင်ပေါ်အတက်လမ်း ကောင်းသွားပြီ ဆိုရင်တော့ ကားနဲ့ရော၊ ဆိုင်ကယ်နဲ့ရော အဆင်ပြေစွာ သွားလာနိုင်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုး တိုးတက်လာကြောင်း ဒေသခံ ပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)