ချီဖွေ မတ် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးရှိ ကလေးစာဖတ်ခန်းအား မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ကလေးစာဖတ်ခန်းတွင် စာပေလေ့လာ ဖတ်ရှုနေသည့် ကလေးငယ်များနှင့် ဆေးရောင်ခြယ်နေသည့် ကလေးငယ်များအား မြို့နယ်မိခင်နှင့် ကလေး၊ အမျိုသမီးရေးရာအဖွဲ့မှ လာရောက်ကြည့်ရှု အားပေးပြီး စာပေကို စိတ်ဝင်စားသည့် ကလေးငယ်များအတွက် အထောက်အကူပြုစေရန် အဆိုပါအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်က ကလေး စာဖတ်ခန်းအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန် အလှူငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုသမီးရေးရာအဖွဲ့သည် ကလေးစာဖတ်ခန်း ပြင်ဆင်ထားမှု နှင့် ပြတိုက်ငယ် (Mini–Museum) ခင်းကျင်းထားမှုကို ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)