သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သိန္နီ   အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာများကို ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ပြသထားကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မီဒီယာနှင့် သတင်းအချက်အလက်သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များနှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာတွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကျန်းမာရေး အသိပညာပေးဆိုင်ရာ အချက်အလက်များကို ပြသထားရှိသည်။

ထို့အပြင် နိုင်ငံတော်အစိုးရအဖွဲ့၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများကိုလည်း ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။

ဖိုးချို (ပြန်/ဆက်)