Facility Quarantine နေထိုင်ပြီးသူ တစ်ဦးအား နေထိုင်ပြီးစီးကြောင်း လက်မှတ်ပေးအပ်

 

မိုင်းယောင်း အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အလက(တပ်တွင်း)ကျောင်း Facility Quarantine Center တွင် Facility Quarantine နေထိုင်ပြီးစီးသူ တစ်ဦးကို အောက်တိုဘာ ၁၆ ရက် ညနေပိုင်းတွင် Facility Quarantine နေထိုင်ပြီးစီးမှုလက်မှတ်ပေးအပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

Facility Quarantine နေထိုင်ပြီးစီးကြောင်း လက်မှတ်များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပေးအပ်ကာ Home Quarantine ခုနစ်ရက် ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်များကို မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက အဆိုပါ Facility Quarantine နေထိုင်ပြီးစီးသူကို မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း