ချီဖွေ အောက်တိုဘာလ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေး ချီဖွေမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို အောက်တိုဘာလ(၁၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ချီဖွေမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်မင်းက အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင် အတွင်းရေးမှူး ဦးဇုန်းဘောမ်က မြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မဲရုံ(၄၇)ရုံ အတွက် လုံခြုံရေးကိစ္စရပ်များ၊ အောက်တို ဘာလ(၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်(၁၂)ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)