မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း (၇၀)ဦး၏ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် Swab ပထမအကြိမ် ရယူစစ်ဆေး


ကွမ်းလုံ အောက်တိုဘာ ၁၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်ရှိ Facility Quarantine တွင် ထားရှိသည့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် နေရပ်ပြန် ပညာရေးဝန်ထမ်း(၇၀) ဦး ၏ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် Swab ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က ဓာတ်ခွဲနမူနာရယူ၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ မန္တလေးမြို့သို့ ပေးပို့ထားကြောင်း သိရသည်။


အဆိုပါ နေရပ်ပြန် ပညာရေးဝန်ထမ်းများကို အောက်တိုဘာ ၅ ရက်နေ့တွင် ကွမ်းလုံမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း(ကွမ်းလုံ)နှင့် အခြေခံပညာအထက်တန်းကျောင်း-ခွဲ(ဟိုလီ)၌ Facility Quarantine ထားရှိရာ ပထမအကြိမ် ဓာတ်ခွဲနမူနာရယူခြင်းဖြစ်ကြောင်း သိရသည်။


စိုင်းဇော်ခမ်း(ကွမ်းလုံ)