ဓနုဖြူနယ်၌ ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ စစ်ဆေး

ဓနုဖြူ  အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆန္ဒမဲလက်မှတ်များ စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မဲဆန္ဒနယ်အလိုက် ရရှိမည့်ဆန္ဒမဲလက်မှတ်အရေအတွက် ပြည့်/မပြည့်၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ စွန်းထင်း စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ် ပါဝင်မှု ရှိ/ မရှိ၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက်၊ ကိုယ်စားလှယ်လောင်းများ၏ အမည်နှင့် အသုံးပြုသင်္ကေတများ မှန်ကန်မှု ရှိ/ မရှိ တို့ကို စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)