နမ့်ခမ်းမြို့ (Facility Quarantine Center) ၌ ကျန်းမာရေးစောင့်ကြည့်နေသည့် အမျိုးသမီးများအား အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နမ့်ခမ်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဖွင့်လှစ်ထားသည့် (Facility Quarantine Center) ၌ နမ့်ခမ်းမြို့၌ ဒေသအသီးသီးမှ လာရောက်၍ ကျန်းမာရေး စောင့်ကြည့်နေသည့် အမျိုးသမီးများအား ယမန်နေ့နံနက် (၁၀)နာရီအချိန် က အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးသည်။

(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန်ဆောင်ရွက်ရန် ဒေသအသီးသီးမှ နမ့်ခမ်းမြို့သို့ ရောက်ရှိလာကြသည့် ပညာရေးဝန်ထမ်း ကျောင်းဆရာမများနှင့် ဒေသအသီးသီးမှ ရောက်ရှိလာကြသော အမျိုးသမီးများကို  နမ့်ခမ်းမြို့၊ ပုဗ္ဗာရုံကျောင်းတိုက်၌ ဖွင့်လှစ်ထားရှိသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးစခန်း (Facility  Quarantine Center) တွင် စနစ်တစ်ကျထားရှိရာ (Unicef) နှင့် နမ့်ခမ်းမြို့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအသင်းတို့က လိုအပ်သည့် အမျိုးသမီးအသုံးအဆောင် ပစ္စည်းများကို အဆင်ပြေစေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်မြမြသိန်း ဦးဆောင်သည့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး အသင်းအဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)