ဖလမ်း၌ နေရပ် ပြန်လာသူ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဖလမ်း အောက်တိုဘာ ၁၉

ဖလမ်း၌ အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ပြီး နယ်စပ်ရိခေါ်ဒါရ် မြို့မှတဆင့် ပြန်လာသည့် နေရပ်ပြန်များကို ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း၌ Facility Quarantine ဖြင့် အသွားအလာကန့်သတ်ထားကာ  Swab စစ်ဆေးရာမှ ပြည်ပပြန်(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်းဖြစ်သည်။

ပိုးတွေ့လူနာ(၂)ဦးသည် တီးတိန်မြို့နယ်မှ အသက်(၂၄) နှစ်နှင့် (၂၂) နှစ်အမျိုးသားများဖြစ်ကြောင်းနှင့် အဆိုပါ (၂) ဦးကို ဖလမ်းမြို့၊ ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်