ဟိုပုံးမြို့နယ်၌ ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးပြုလုပ်

ဟိုပုံး  မတ်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဟိုပုံးပြည်သူ့ဆေးရုံအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒေါက်တာ နေလင်းမှ ခွင့်မပြုသော အများပြည်သူများ စားသုံးရန်မသင့်သည့် အစားအသောက်များ၊ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ ထုတ်လုပ်ရောင်းချလျက်ရှိသော သောက်သုံးရေသန့်များကို သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရောင်းချစေရန်နှင့် စျေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)