မတူပီ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီသို့ အလှူရှင်များမှ အလှူငွေများ၊ အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

မတူပီ  အောက်တိုဘာ ၁၉

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီသို့  ပြည်တွင်း ပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ် ပူးပေါင်း စစ်ဆေးရေးဂိတ်များနှင့် လိုအပ်သည့်နေရာများတွင် သုံးစွဲနိုင်ရန်အတွက် ယမန်နေ့ နေ့လယ်ကအလှူရှင်များက နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများတွင် အသုံးပြုရန်အတွက် ဦးလျန်ထန်းမိသားစုမှ ()သောင်းကျပ်၊CRC အသင်းတော်လူငယ်များမှ ကျပ်(၂၅၀၀၀၀/−)   တန်ဖိုးရှိ  Mask (နှာခေါင်းစည်း) လက်အိတ်၊  ရေသန့်ဗူးများနှင့် မတူပီမြို့ပေါ်ရှိ ဌာနဆိုင်ရာ    ဝန်ထမ်းများနှင့် ကိုဗစ်၁၉ရောဂါ ကာကွယ်၊  ထိန်းချုပ်ရေး  လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်     ဦးရဲကျော်ထွန်း     (Salai COMPUTER)  မှ  Face Shield   (၁၀၀၀)တို့ကို    လှူဒါန်းရာ ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ဉက္ကဋ္ဌက လက်ခံရယူခဲ့ပြီး  လှူဒါန်းမှုမျာအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီမှ ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)