၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး များအား သင်တန်းပို့ချ

မင်းတပ်  အောက်တိုဘာ ၁၉

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ဥပဒေနှင့် မြို့နယ်ကျန်းမာရေးဌာန တို့ပူးပေါင်းပြီး နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ မြန်ဆန်ချောမွေ့စွာ မဲပေးနိုင်ရေးတို့အပြင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်နှင့် မဲရုံ ၁၁၆ ရုံ အတွင်းအပြင်များတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ ၂၃၂ ဦးအား သင်တန်းပေးရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့၌ မဲရုံအဝင်/အထွက် နေရာများတွင် လက်သန့်ဆေးရည်ဗူးများ၊ Face Shield များ ထားရှိပေးမည် ဖြစ်ကြောင်း သိရသည်။

ခွီရှိန်မောင်း(ခရိုင်ပြန်/ဆက်)