မိုင်းဖြတ်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့မှ စာရေးဆရာ ချစ်ဦးညိုရေးသားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ (Book Club)အဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးတင့်စာ စာအုပ်စာပေများ ဖတ်ရှုလေ့လာရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများက စာဖတ်ဝိုင်းကို ကျင်းပရာ   Youth Club အသင်းဥက္ကဋ္ဌ  ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား ကျောင်းသူများက ဖတ်ကြားရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများ၊ Youth Clubအဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)