လင်းခေးလျှပ်စစ်ဓာတ်အားခွဲရုံမှ ပို့လွှတ်ယူနစ်များ ခွဲခြားနိုင်ရေး Metering Outfit မီတာတပ်ဆင်ခြင်းဆောင်ရွက်

မိုးနဲ   ဇန်နဝါရီ   ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေး ၆၆/၃၃/၁၁ ကေဗွီ ၊၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ မိုင်းပန်မြို့ ၊နမ့်တွန် ၃၃ ကေဗွီ လိုင်းထိုမှတဆင့် ဝမ်ဟတ်တိုက်နယ်၊ မောက်မယ်မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားများခွဲဝေ ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ပို့လွှတ်ပေးလျက်ရှိသော ဓာတ်အားယူနစ်များ ခွဲခြားသိရှိနိုင်ရေးနှင့် ပျောက်ဆုံး စနစ်များ မဖြစ်ပေါ်စေရေးအတွက် လင်းခေးခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးရဲမင်းထက်နှင့် လင်းခေး၊ မိုင်းပန်မြို့တို့မှ လျှပ်စစ်ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲအချိန်က လင်းခေး ဓာတ်အားခွဲရုံအနီး မိုင်ပန်မြို့သို့ ပို့လွှတ်သော ၃၃ ကေဗွီဓာတ်အားလိုင်းတွင် Metering Outfit မီတာ တပ်ဆင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)