တီးတိန် အောက်တိုဘာ ၁၉
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီး (၉၀၆)ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို အောက်တိုဘာ ၂၀ ရက်နေ့နံနက် ၉ နာရီတွင် မြို့နယ်လုံးကျွတ်တစ်ပြိုင်တည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပြီး ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ ၄င်းဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်၍ နေ့စဉ်ထိုးနှံပေး လျက်ရှိကြောင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြားပြီး နှစ်ကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)