ဟားခါးမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံး ကျန်းမာရေးနှင့် အညီရောင်းချမှု ရှိ၊မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟားခါး အောက်တိုဘာ ၁၉

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Maskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉နာရီအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံးသို့ ရောက်ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များတွင် Hand Gel ထားရှိမှု ရှိ၊ မရှိ၊ စျေးဝယ်သူများနှင့် စျေးရောင်းသူများ Maskတပ်ဆင်မှု ရှိ၊ မရှိ နေရာအကွာအဝေး သတ်မှတ်ရောင်းချမှု ရှိ၊မရှိ အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုများ ရှိ၊မရှိကို အရှိန်အဟုန်မြှင့် စစ်ဆေးပြီး လိုက်နာမှုမရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ပိုမိုများပြားလာသဖြင့် ကွင်းဆင်းဆောင်ရွက်မှုများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုများကို တစ်လလျှင် ၁၂ ကြိမ်နှုန်းဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)