တွန်းဇံ အောက်တိုဘာ ၁၉
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိ သူများသည် ဝါနှင့် လျှော်မျှင် ထွက်သီးနှံဌာနခွဲ(ပိုးစာခြံ)တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများသည် ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ(ပိုးစာခြံ)တွင် ဆောင်ရွက်လျက်ရှိသည့် ပိုးမွေးရုံ အဆောက် အဦးသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ ဓါတ်ခွဲခန်း အဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ အအေးခန်း အဆောက်အဦးသစ် ဆောက်လုပ်ပြီးမှု အခြေအနေနှင့် အဆောက်အဦးဟောင်းများ ပြန်လည်ပြုပြင်ရန် လိုအပ်မှုအခြေ အနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ(ပိုးစာခြံ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ (ပိုးစာခြံ)သည် မြေဧရိယာ (၉၄.၅၉၄)ဧကရှိပြီး ပိုးစာပင်(၁၅)ဧက၊ မျောက်ငိုပင်(၂၄)ဧက စိုက်ပျိုးထား ရှိလျက်ရှိသည်။ တွန်းဇံမြို့ ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ (ပိုးစာခြံ)တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်ပြီး ပိုးမွေးမြူရေး လုပ်ငန်းများကို စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)