ညောင်ရွှေ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်သို့ ညောင်ရွှေမြို့ သာစည် ရပ်ကွက်နေ (ဒေါ်လှခင်)၊ ဒေါ်လှဌေး၊ ဒေါ်သန်းဌေး ညီအစ်မများက ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင် လက်ထက် ဓာတ်ပုံများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီက အလှူရှင်၏နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ ထွန်းလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းတို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ အလှူရှင် ဒေါ်လှဌေးက လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင်၏ဓာတ်ပုံ၊ ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင်၏အတွင်းဝန် ဦးဘိုးလှိုင်၏ ဓာတ်ပုံ၊ မောက်မယ်စော်ဘွား စဝ်ခွန်လှိုင်နှင့် မဟာဒေဝီ ခင်ခင်ကြည်၏ ဓာတ်ပုံ၊ မဟာဒေဝီ ခင်ခင်ကြည် ဝတ်ဆင်ခဲ့သော ဘော်ကြယ်ခတ်လုံချည်နှင့် သားမွေးခြုံထည်တို့ကို ပေးအပ်လှူဒါန်းရာ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်(ပြန်/ဆက်)