မင်းတပ်မြို့၌ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မင်းတပ်  အောက်တိုဘာ ၁၉

မင်းတပ်ခရိုင်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မင်းတပ်ခရိုင်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မှု အခြေအနေများနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ခရိုင်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ရင် က ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မင်းတပ်ခရိုင်အတွင်းရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့်စီမံကိန်းရည်မှန်းချက် တာဝန်များကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် ခရိုင်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ရင်တို့က သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းပေးအပ် ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မင်းတပ်ခရိုင်အတွင်းရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ဆလိုင်းအောင်(ပြန်/ဆက်)