ကျေးသီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (HPV ) ကာကွယ်ဆေးထည့်သွင်း ထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

 

ကျေးသီး   အောက်တိုဘာ   ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် တွင်(HPV) ကာကွယ်ဆေးထည့် သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူက ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အထိ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါ (HPV) ကာကွယ် ဆေးထိုးနှံပေးရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံ ကျန်းမာရေးကြီးကြပ်အဆင့် (၁) ဦးရဲလင်းနောင်က အိတ်ချ်ပီဗွီ (HPV) ကာကွယ်ဆေးအကြောင်း သိကောင်းစရာများ၊ သားအိမ်ခေါင်းကင်ဆာ ကူးစက်တတ်သည့် အခြေအနေများ၊ သားအိမ်ခေါင်းကင်ဆာ ကူးစက်ခံ ရပါက ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကာကွယ်ဆေးထိုးရမည့် သတ်မှတ်အချိန်ကာလ တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များတက်ရောက် ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်ဆက်